ဘေဘီလုံမြို့ ပြိုပျက်ခြင်း
18
ထို့နောက် အခြား/ကောင်းကင်တမန်/တစ်ပါး/သည် ကြီးမားသော/အခွင့်အာဏာ/နှင့်အတူ ကောင်းကင်ဘုံ/မှ ဆင်းသက်လာသည်/ကို ကျွန်ုပ်/မြင်ရ၏။ ကမ္ဘာ/မြေကြီး/သည်/လည်း သူ/၏/အရောင်အဝါ/ဖြင့် ထွန်းလင်းနေ၏။
2 ထို/ကောင်းကင်တမန်/က
“ဘေဘီလုံ/မြို့ကြီး ပြိုပျက်ပြီ။ ပြိုပျက်ပြီ။
ဤ/မြို့/သည် နတ်ဆိုးတို့ နေထိုင်ရာ/အရပ်၊
ညစ်ညမ်းသော/နတ်တို့ ခိုအောင်းရာ/အရပ်၊
ညစ်ညမ်းသော/ငှက်တို့ ခိုအောင်းရာ/အရပ်၊
ညစ်ညမ်း/မုန်းတီးဖွယ်/တိရစ္ဆာန်တို့ ခိုအောင်းရာ/အရပ် ဖြစ်လေပြီ။
3 လူမျိုး/အပေါင်းတို့/သည် တရား/နှင့်/မညီသော မေထုန်/ပြုခြင်း/ဟူသည့် သူ/၏/စပျစ်ဝိုင်/ကို သောက်ကြပြီ။
လောကီ/ဘုရင်တို့/သည် တရား/နှင့်/မညီသော မေထုန်/ပြုခြင်း/ကို သူ/နှင့် ကျူးလွန်ကြ၏။
လောကီ/ကုန်သည်တို့/သည်/လည်း သူ/၏ အလွန်အကျွံ/စည်းစိမ်ခံစား/လိုသော/ဆန္ဒ/ကြောင့် ကြီးပွား/ချမ်းသာလာကြပြီ”
ဟု ကျယ်လောင်သော/အသံ/ဖြင့် ကြွေးကြော်၏။
4 ထို့နောက် ကောင်းကင်ဘုံ/မှ အခြား/အသံ/ကို ကျွန်ုပ်/ကြားရသည်/မှာ
“ငါ/၏/လူမျိုးတို့… ထို/မြို့/မှ ထွက်ခဲ့ကြလော့။
ဤ/သည်/မှာ သင်တို့/သည် ထို/မြို့/၏ အပြစ်ကျူးလွန်မှု/၌ မပါဝင်မိ/စေရန်/နှင့်
ထို/မြို့/၌ ကျရောက်မည့် ဘေးဒဏ်/ကို မခံရ/စေရန်/ဖြစ်၏။
5 သူ/၏ အပြစ်များ/သည် ကောင်းကင်/အထိ စုပုံ/၍ မြင့်မားနေ/သောကြောင့်
သူ/၏ ပြစ်မှု/ကျူးလွန်ခြင်းတို့/ကို ဘုရားသခင်/သတိရတော်မူပြီ။
6 သူတစ်ပါး/ကို သူ/ပြုခဲ့သည့်/အတိုင်း သူ့/အား ပြန်/၍ ပြုကြလော့။
သူ/ပြုမူခဲ့သည့်/အရာ/အတွက် နှစ်ဆ/တိုး/၍ တုံ့ပြန်ကြလော့။
သူ/ရောစပ်ပေးသည့် ခွက်/၌ သူ့/အတွက် နှစ်ဆ/တိုး၍ ရောစပ်ပေးကြလော့။
7 သူ/သည် မိမိကိုယ်ကိုယ် ချီးမြှောက်/၍ စည်းစိမ်/ခံစားခဲ့သည်/နှင့်အညီ
သူ့/ကို ညှဉ်းဆဲ/၍ ဝမ်းနည်း/ပူဆွေးစေကြလော့။
အဘယ်ကြောင့်ဆိုသော် သူ/က
‘ငါ/သည် မိဖုရား/ကဲ့သို့ အုပ်စိုး၏။
ငါ/သည် မုဆိုးမ မဟုတ်။
ငါ/သည် မည်သည့်/အခါ/မျှ ဝမ်းနည်း/ပူဆွေး/ရမည် မဟုတ်’ ဟု မိမိ/စိတ်/ထဲ၌ ပြောဆို/သောကြောင့်/ဖြစ်၏။
8 သို့ဖြစ်၍ သူ/ခံရမည့်/ဘေးဒဏ်များ/ဖြစ်သော သေခြင်း၊ ညည်းတွားခြင်း၊ အစာခေါင်းပါးခြင်း/တို့/သည်
သူ့/အပေါ်သို့ တစ်ရက်/အတွင်း ကျရောက်လာ/လိမ့်မည်။
မီး/သည် သူ့/ကို လောင်/လိမ့်မည်။
အဘယ်ကြောင့်ဆိုသော် သူ့/ကို တရားစီရင်တော်မူသော/အရှင် ဘုရားသခင်/သည် တန်ခိုးကြီးတော်မူ/သောကြောင့်/ဖြစ်သည်”
ဟူ၍/ဖြစ်၏။
9 သူ/နှင့်အတူ တရား/နှင့်/မညီသော မေထုန်/ကို/ပြု/၍ စည်းစိမ်/ခံစားခဲ့သော လောကီ/ဘုရင်တို့/သည် သူ့/အား လောင်ကျွမ်းသည့်/မီး/မှ မီးခိုး/ကို မြင်/သောအခါ ငိုကြွေး/မြည်တမ်းကြ/လိမ့်မည်။ 10 သူတို့/သည် သူ/ခံရသော/ညှဉ်းဆဲမှု/ကို ကြောက်/၍ အဝေး/မှ ရပ်/လျက်
“အလိုလေး… ကြီးမြတ်သော/ဘေဘီလုံ…
တန်ခိုးကြီးသော/မြို့… ဖြစ်ရလေချင်း။
သင်/ခံရမည့် ပြစ်ဒဏ်စီရင်ခြင်း/သည်
တစ်ခဏချင်း/၌ပင် ရောက်လေပြီ”
ဟု ငိုကြွေးကြ/လိမ့်မည်။
11 လောကီ/ကုန်သည်များ/သည်/လည်း သူတို့/၏ ကုန်ပစ္စည်းများ/ကို ဝယ်ယူမည့်သူ/တစ်ယောက်/မျှ မရှိတော့/သဖြင့် သူ့/အတွက် ငိုကြွေး/မြည်တမ်းကြ/လိမ့်မည်။ 12 သူတို့/၏/ကုန်ပစ္စည်းများ/မှာ ရွှေ၊ ငွေ၊ ကျောက်မျက်ရတနာ၊ ပုလဲ၊ ပိတ်ချော၊ ခရမ်းရောင်/အထည်၊ ပိုးထည်၊ ဖဲနီထည်၊ သစ်မွှေး/အမျိုးမျိုး၊ ဆင်စွယ်/တန်ဆာ/အမျိုးမျိုး၊ အဖိုးတန်/သစ်/အမျိုးမျိုး၊ ကြေး၊ သံ၊ စကျင်ကျောက်၊ 13 သစ်ကြံပိုး၊ အမွှေးအကြိုင်၊ အမွှေးနံ့သာ၊ မုရန်၊ လောဗန်၊ စပျစ်ဝိုင်၊ သံလွင်ဆီ၊ မုန့်ညက်၊ ဂျုံ၊ ကျွဲနွား/တိရစ္ဆာန်၊ သိုး၊ မြင်း၊ မြင်းရထား၊ ကျွန်များ/နှင့် လူ့/အသက်တို့/ပင် ဖြစ်ကြ၏။
 
14 “သင်/တပ်မက်သော အရာများ/သည်
သင့်/ထံမှ ပျောက်ကွယ်သွားပြီ။
သင်/၏ ဇိမ်ခံ/ပစ္စည်းများ/နှင့် တောက်ပြောင်သော/အရာများ/သည်လည်း
ပျောက်ဆုံးသွားကြပြီ။
မည်သည့်/အခါ/မျှ တွေ့ရတော့မည်/မဟုတ်။”
15 ထို/မြို့/ကို အမှီပြု/၍ အဆိုပါ/ပစ္စည်းများ/ကို ရောင်းဝယ်ခြင်း/ဖြင့် ချမ်းသာလာကြသော ကုန်သည်များ/သည် ထို/မြို့/ခံရသည့် ညှဉ်းဆဲမှု/ကို ကြောက်ရွံ့/၍ အဝေး/တွင် ရပ်/လျက်
16 “အလိုလေး… ဖြစ်ရလေချင်း။
ပိတ်ချောထည်၊ ခရမ်းရောင်/အထည်၊ ဖဲနီထည်/တို့/ကို ဝတ်ဆင်/လျက် ရွှေ၊ ကျောက်မျက်ရတနာ/နှင့် ပုလဲတို့/ကို ဆင်မြန်းသော မြို့ကြီး…
17 ဤမျှလောက် ကြွယ်ဝသော သင်/၏ စည်းစိမ်တို့/သည် တစ်ခဏချင်း/၌ ပျက်စီးလေပြီ”
ဟူ/၍ ငိုကြွေး/မြည်တမ်းကြ/လိမ့်မည်။
ကုန်/သင်္ဘော/မှ ရေယာဉ်မှူးများ၊ ခရီးသည်များ၊ သင်္ဘောသားများ/နှင့် ပင်လယ်/ကုန်သည်/အပေါင်းတို့/သည် အဝေး/တွင်/ရပ်/လျက် 18 သူ့/အား လောင်ကျွမ်း/၍ တက်လာသော မီးခိုးတို့/ကို ကြည့်/ကာ “ဤ/မြို့/ကဲ့သို့ ခမ်းနားသော/မြို့ ဘယ်မှာ/ရှိတော့မည်နည်း” ဟု အော်ဟစ်ကြ၏။ 19 သူတို့/သည် ဖုန်မှုန့်များ/ကို မိမိတို့/၏ ခေါင်း/ပေါ်တွင် ကြဲပြီး
“အလိုလေး… ဖြစ်ရလေချင်း။
မိမိ/၏/စည်းစိမ်/ဥစ္စာများ/ကြောင့်
ပင်လယ်ကူး/သင်္ဘောပိုင်ရှင်များ/ကို ချမ်းသာစေခဲ့သော မြို့ကြီး…
သင်/သည် တစ်ခဏချင်း/၌ ပျက်စီးလေပြီ”
ဟု ငိုကြွေး/မြည်တမ်းကြ/လိမ့်မည်။
 
20 အို ကောင်းကင်ဘုံသားတို့… ထို/မြို့/၏/ပျက်စီးခြင်း/အတွက် ဝမ်းမြောက်ကြလော့။
အို သန့်ရှင်းသောသူတို့၊ တမန်တော်တို့/နှင့် ပရောဖက်တို့… ဝမ်းမြောက်ကြလော့။
သင်တို့/အပေါ် ပြုခဲ့သည့်/အမှု/အတွက်
ဘုရားသခင်/သည် ထို/မြို့/ကို တရားစီရင်တော်မူပြီ။
 
21 ထို့နောက် တန်ခိုးကြီးသော/ကောင်းကင်တမန်/တစ်ပါး/သည် ကြိတ်ဆုံကျောက်/ကဲ့သို့သော ကျောက်တုံးကြီး/တစ်တုံး/ကို ယူ/၍ ပင်လယ်/ထဲသို့ ပစ်ချလိုက်/ပြီးလျှင်
“ဘေဘီလုံမြို့ကြီး/သည် ဤ/ကဲ့သို့/ပင် ပြင်းထန်/စွာ ပစ်ချခံရပြီး
မည်သည့်/အခါ/မျှ တွေ့ရတော့မည် မဟုတ်။
22 စောင်းသမား၊ ဂီတသမား၊ ပလွေသမား၊ တံပိုးခရာသမားတို့/၏ တီးမှုတ်သံ/ကို/လည်း
သင့်/ထဲ/၌ မည်သည့်/အခါ/မျှ ကြားရတော့မည် မဟုတ်။
အမျိုးမျိုးသော လက်မှု/အတတ်/ပညာရှင်များ/ကို/လည်း
သင့်/ထဲ/၌ မည်သည့်/အခါ/မျှ တွေ့ရတော့မည် မဟုတ်။
ကြိတ်ဆုံ/သံများ/ကို/လည်း
သင့်/ထဲ/၌ မည်သည့်/အခါ/မျှ ကြားရတော့မည် မဟုတ်။
23 ဆီမီး/အလင်း/သည်/လည်း
သင့်/ထဲ/၌ မည်သည့်/အခါ/မျှ ထွန်းလင်းတော့မည် မဟုတ်။
သတို့သား/နှင့် သတို့သမီး/တို့/၏ ပျော်ရွှင်သော/အသံ/ကို/လည်း
သင့်/ထဲ/၌ မည်သည့်/အခါ/မျှ ကြားရတော့မည် မဟုတ်။
သင်/၏ ကုန်သည်ကြီးများ/သည် ဤ/ကမ္ဘာလောက/တွင် အရှိန်အဝါ/ကြီးသူများ ဖြစ်ကြ၏။
လူမျိုးအပေါင်းတို့/သည် သင်/၏ ပြုစားခြင်း/ဖြင့် လှည့်ဖြား/ခံကြရပြီ။
24 ပရောဖက်များ၊ သန့်ရှင်းသောသူများ/နှင့်
ကမ္ဘာ/လောက/၌ အသတ်ခံရသူ/အပေါင်းတို့/၏ သွေးတို့/ကို ထို/မြို့/၌ တွေ့ရ၏”
ဟူ၍ ပြောလေ၏။